☘️ Chapter 15

322 25 0
                                    

☘️ Zui Xing Mai Shen
☘️ Chapter 15

ဖန့်ကျင့်ကျိုက်မှ ဖုန်ရုန်ချန်၏ အစားအစာတွင် အသုံးပြုသော ဆေးမှာ မေ့ဆေးဖြစ်သည်။ ဖုန်ရုန်ချန်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားပြီးနောက် သူ့ရဲ့တစ်ခုတည်းသောရည်ရွယ်ချက်က

"ခန္ဓာကိုယ်ရောင်းချခြင်းစာချုပ်" ကို ခိုးယူသွားရန် ဖြစ်ပြီး အခွင့်အရေးရရင် ဖုန်ရုန်ချန်ကို သူ့ရဲ့ဒေါသတွေပြေပျောက်ဖို့အတွက် မျက်နှာကိုလက်သီးနဲ့ထိုးပြီးကန်ကျောက်ပစ်မှာဖြစ်ပါတယ်။

"ဒေါက်...ဒေါက်..."

တံခါးခေါက်သံက ဖန့်ကျင့်ကျိုက်ကို သူ့စိတ်ကူးထဲကသတိပြန်၀င်လာစေတယ်။

"ဘယ်သူလဲ ?"

"သခင်၊ ဒီနေ့ ဘာမှမစားရသေးဘူးလေ၊ ဗိုက်ဆာနေပြီမဟုတ်လား ဒီကျွန်က သခင်အတွက် စားစရာတွေပြင်ဆင်ပြီးလာပို့တာပါ"

သူမပြောလာရင် ဗိုက်ဆာတာကိုလုံးဝမခံစားရဘူး။ အခု တကယ်ဗိုက်ဖြည့်ဖို့အချိန်ရောက်ပြီ ဆိုပေမယ့် သူက အစေခံကို “အထဲကို စားစရာယူလာခဲ့” လို့  ပြောလိုက်ပါတယ်။

အစေခံသည် အစားအသောက်များကို စားပွဲပေါ်တင်ကာ အခန်းအပြင်သို့ထွက်လာကာ ဖန့်ကျင့်ကျိုက်သည် စားပွဲဆီသို့လျှောက်သွားကာ သူ့အကြံ အစည်ကိုတွက်ချက်ရင်း အစားအစာကိုစတင်စား သောက်လိုက်ပြီး၊ ဒီအချိန်လောက်ဆို ဖုန်မျိုးရိုးတော်တော်အိပ်ချင်နေလောက်ပြီလို့ ခန့်မှန်းလိုက်သည်။

ဒီအကြောင်းကိုများများတွေးလေ ပိုပျော်လေလေ၊ အဲဒီအချိန်မှာသူအရမ်စဗိုက်ဆာတယ်လို့ခံစားရတာ ကြောင့် စားစရာတွေအကုန်စားပစ်လိုက်တယ်။ဒုတိယသခင်လေးဖန့်က သူ့တူတွေကိုချလိုက်ပြီးဖောင်းနေတဲ့ဗိုက်ကိုပွတ်သပ်ရင်း ရုတ်တရက်တစ်ခုကိုသတိရသွားတယ်။

အဲ့ဒါက တည်းခိုခန်းကဧည့်ခံတဲ့ညစာက အကုန်အတူတူပဲဆိုတာပဲ..။

ရုတ်တရက်ခေါင်းမူးလာပြီး သတိလစ်သွားသည်...

နောက်နေ့မနက်မှာတော့ ဖန့်ကျင့်ကျိုက်နိုးလာပြီး ကြမ်းပြင်ပေါ်မှာ ဘာ့ကြောင့်အိပ်ပျော်သွားတာလဲလို့ ဦးစွာတွေးမိပြီး တဖြည်းဖြည်း သတိပြန်ဝင်လာကာကြမ်းပြင်ပေါ်ကနေ ကမန်းကတန်းမတ်တပ်ရပ်လိုက်ပြီး ပထမဆုံးလုပ်တာကတော့ ဧည့်ခန်းကို အပြေးအလွှားသွားရာ မနေ့ညက သူ့အတွက်စားစ ရာလာပို့ပေးတဲ့ အစေခံကိုတွေ့လိုက်ရပါတယ်။

သောက်ရာမှ တရေးနိုးပြီးနောက် ခန္ဓာကိုယ်ရောင်းချမိခြင်း [Completed] ✅Where stories live. Discover now