(Uni)
ဒေါက်! ဒေါက်!
တံခါးခေါက်သံအဆုံးတွင် ခေါင်းလေးပြူထွက်လာတဲ့ မင်းသန့်ပိုင်ကို ဦးရှင်းသန့် အလုပ်စားပွဲကနေ မှုန်ကုပ်ကုပ်နဲ့ လှမ်းကြည့်လိုက်သည်။
" ဘာလာလုပ်တာ "
" ကိုကိုလူးကို လာရှာတာလေ..။ ဒါနဲ့ မနဒီကိုလည်း မတွေ့ပါလား.. ဘယ်တွေ ရောက်ကုန်ကြတာလဲ "
" အေး! ငါမအားတာနဲ့.. မြို့ပြင်က ဆိုက်ထဲသွားကြည့်ဖို့ သူတို့ကိုလွှတ်လိုက်တာ "
" ကိုကိုလူးနဲ့မနဒီကို နှစ်ယောက်တည်း လွှတ်လိုက်တာလား "
" ဒါလေးသွားတာကို နှစ်ယောက်တည်း မလွှတ်လို့ ငါက ဘယ်နှယောက်လွှတ်ရမှာလဲ "
ပြန်ငေါ့ပြောလာတဲ့ ဦးရှင်းသန့်ကို မင်းသန့်ပိုင် တံခါးမှီထားရင်းက ရှုတည်တည်နဲ့ လက်ပိုက်ကြည့်နေသည်။
" ဖားသားကြီးကို ကျွန်တော် မပြောခဲ့ဘူးလား "
" ဘာပြောတာ.. "
" ဟင်း..! အားရင်အားသလို ခရီးတွေချည်း ဇွတ်ထွက်နေလို့ ချက်ချင်းပြီးရမယ့် အလုပ်တွေက မပြီးသေးတာမလား။ ကြည့်လေ.. ကိုယ့်အလုပ်မပြီးတာနဲ့ပဲ သူများတွေက မဆီမဆိုင် ပင်ပန်းနေကြရပြီ "
" မင်းက ဆရာကြီးလား..။ ငါ့ဝန်ထမ်းကို သူ့နေရာနဲ့သူ အကျိုးသင့်အကြောင်းသင့်လို့ သွားခိုင်းတာလေ။ အဲ့ဒါ ဘာဖြစ်နေလို့လဲကွ "
ထိုအခါ မင်းသန့်ပိုင်က ခေါင်းကိုအသာ ခါယမ်းပြလာလေသည်။
" ကိုကိုလူးက ဒီတစ်နှစ်ပတ်လုံး ပိတ်ရက်မယူဘဲ အလုပ်ချည်းနင်းကန် လုပ်နေခဲ့တာနော်။ ငွေဆောင်နဲ့ ရန်ကုန်ကိုလည်း ကူးချည်သန်းချည် သွားလာနေခဲ့ရတာတင် မလွယ်ဘူး..။ သူ့ခမျာ ရန်ကုန်ပြန်ရောက်တုန်းလေးကို ခဏတဖြုတ်တော့ နားပါစေလားဗျ "
" ဪ.. မင်းဘယ်တုန်းက မေတ္တာရှင်ကြီး ဖြစ်သွားတာလဲ။ မင်းကိုကိုလူးက ငါမခိုင်းရင်တောင်.. ရှိသမျှအလုပ်တွေ သူ့ချည်းအကုန် သိမ်းကျုံးလုပ်နေတာကျ မင်းမမြင်ဘူးလားကွ! "
" ပြောတတ်တယ်နော်။ ကျွန်တော်ကတော့ မြင်မလား.. မြင်နေရတဲ့ ဖားသားကြီးကပဲ ရအောင်တားလေ "
YOU ARE READING
ငပြူးငလူး ( Completed )
General Fictionပဲပြုတ်သည်ငပြူးနဲ့ ဆိုက်ကားဆရာငလူးတို့ရဲ့ story လေးတစ်ပုဒ်