26

5.8K 258 81
                                    

မနက်ခင်း Fan meeting သွားရန်ရေမိုးချိုးလို့ပြင်ဆင်နေတဲ့ ထယ်ဟျောင်း... အနောက်ကနေအလုပ်တောင်မသွားနိုင် တကောက်ကောက်လိုက်လို့ မသွားဖို့လိုက်ပြောနေတဲ့ ဂျောင်ဂု..

" ထယ်မသွားရဘူးကွာ "

" သွားမှာ ငါ့လူကြီးကိုမတွေ့ရတာကြာပြီ လူကြီး Fan metting လုပ်ဖို့နှစ်နဲ့ချီစောင့်ထားရတာ သွားကိုသွားမှာ "

" ဘာ! ငါ့လူကြီး ဟုတ်လား ဒီမှာမင်းယောကျားလေ!!"

ဂျောင်ဂုမှာ ထယ်ဟျောင်းက သူ၏Idol ကို ငါ့လူကြီးလို့ပြောလိုက်ချိန်မှာ အသံနက်ကြီးနဲ့ထအော်ကာ သူကိုယ်သူလည်း လက်ညိုးကြီးထိုးလို့ မင်းယောကျားဆိုပြီးပြောနေလိုက်တာများ ရင်ဘက်ကြီးတောင်ပေါက်ထွက်တော့မလို..

" အဲ့တော့ဘာဖြစ်လည်း ယောကျားကနေတိုင်းတွေ့နေရတာ ငါ့လူကြီးက ပွဲလုပ်မှတွေ့ရတာ ဖယ်စမ်းပါကွာ စကားကိုရှည်တယ် ဒီပွဲလက်မှတ်ရဖို့ငါမနည်းကြိုးစားထားရတာဖယ်ဖယ်နောက်ကျတော့မယ် "

ထယ်​ဟျောင်း ကမန်းကတန်းလုပ်နေချိန် ဂျောင်ဂုအိမ်အောက်ကိုပြေးဆင်းသွားကာ ထယ်ဟျောင်း သူ့ကိုလုပ်ဖူးတဲ့အတိုင်း ထယ်ဟျောင်းရဲ့ကားဘီးတွေကို ထားနဲ့ခွဲထားလိုက်သည်..ထယ်ဟျောင်း ရှိုးစမိုးအပြည့်နဲ့အိမ်ရှေ့အထွက်မြင်လိုက်ရတဲ့သူ့ကားကြောင့်

" ရားးးးဂျွန်ဂျောင်ဂု!!!! "

ဒေါသထွက်ကာအော်ပြီး အိမ်ထဲကိုခြေလှမ်းဖို့အလုပ်နာရီကိုကြည့်မိတော့ အချိန်နီးနေပြီဖြစ်တာကြောင့် ဂျောင်ဂုကိုလက်ညိုးထိုးကာပြောဆိုသွားပြီးချက်ချင်းပြန်လှည့်သွားကာ Taxi ငှားလို့ထွက်သွားတော့သည်..

" မင်းနဲ့ငါနဲ့ ပြန်လာလို့​ကတော့ သူသေကိုယ်သေပဲ ဂျွန်ဂျောင်ဂု မင်းကိုလုံးဝအရှင်မထားဘူး!!!!"

ဂျောင်ဂုမှာတော့ ဆိုဖာကိုအကြိမ်ကြိမ်လက်သီးဖြင့်ထိုးရင်း သူလုပ်လို့မသွားရတော့ဘူးထင်နေခဲ့တာ ဟိုဟာလေးကမရရအောင်ထွက်လို့သွားသည်..

" ရားးးးးမသွားနဲ့ "

ထွက်သွားတဲ့သူကသွားပြီး ကျန်ခဲ့ဂျောင်ဂုမှာတော့ ဆိုဖာပေါ်ဒူးထောက်ထိုင်ကာ ဆိုဖာကိုလက်သီးတွေနဲ့ထိုးလိုက် ဆိုဖာပေါ်အိပ်ချလိုက်ပြီး တကိုယ်လုံးတွန့်လိမ်နေအောင် စိတ်တွေတိုလိုက်နဲ့ကျန်ခဲ့တော့သည်..

𝕄𝕣. 𝕄𝕣 (complete) Where stories live. Discover now