Part 1

4.8K 60 0
                                    

မှောင်မည်းအေးစက်နေသော အကျဉ်းထောင်တစ်ခု၏ မြေအောက်ခန်းသည် ခြေချင်းသံတချွင်ချွင်မှအပ တိတ်ဆိတ်နေလေသည်။ မည်သည့်အစောင့်မျှ ချမထားသော်လည်း ထိုအခန်းအတွင်း ဖမ်းခံထားရသော အမျိုးသားသည် ခြေလက်တွင် ခိုင်ခံ့သော သံကြိုးများဖြင့် မြဲမြံစွာ ချည်ထားလေသည်။ 

အကျဉ်းသားတို့ ဝတ်ဆင်သော အဖြူရောင်ချည်ကြမ်းထည်သည် နေရာတော်တော်များများတွင် ကွက်ကြားပြဲရိနေပြီး မည်မျှပြင်းထန်သော နှိပ်စက်မှုများရှိခဲ့သည်ကိုပင် မြင်နိုင်ပေသည်။ တချို့သောဒဏ်ရာများဆိုလျှင် သွေးများပင် စီးကျနေလေသည်။

သို့သည်တိုင် ထိုအမျိုးသား၏ မျက်ဝန်းတို့သည် ဓားထက်ထက်ပမာ ထက်ရှနေပြီးတော့ အကြောက်တရားတို့ ပကတိကင်းမဲ့လှသည်။ သူသည် ထိုမျှ နှိပ်စက်ခံရသည်ကိုပင် လုံးဝကို တည်ငြိမ်နေသေးသည်။ 

ထိုအချိန်တွင် တစ်စုံတစ်ယောက်သည် အကျဉ်းခန်းတံခါးကို ဖွင့်ကာ ဝင်လာလေသည်။ ဝင်လာသောသူသည် အလွန်တရာနူးညံ့သောပိုးဖဲဖြင့် ချုပ်လုပ်ကာ ရွှေပန်းကနုတ်တို့ပုံဖော်ထားသော ဝတ်ရုံကို ဝတ်ဆင်ထားသည်ကို ကြည့်ခြင်းဖြင့်ထိုသူသည် သာမန်သူမဟုတ်တန်ရာ။

ထိုသူသည် လက်ထဲတွင် စားသောက်ဖွယ် စွပ်ပြုတ်တစ်ခုကို သယ်လာလေသည်။ထိုစွပ်ပြုတ်ကိုလည်း ကျောက်စိမ်းဖြင့် ပြုလုပ်ထားသော ပန်းကန်တွင် ထည့်ကာ ငွေဇွန်းဖြင့် ယူလာပေးခြင်း ဖြစ်လေသည်။ 

"  ဒီနေ့လည်းဘာကိုမှ  မသုံးဆောင်ဘူးလို့ အစောင့်တွေက ပြောတယ်။ အဲတော့ အိမ်ရှေ့မင်းသား ကြိုက်လောက်မယ့် ခိုသားစွပ်ပြုတ်ကို ယူလာခဲ့တယ်။ " ရိုမီဆာသည် ပြုံးတုံ့တုံ့လေးဖြင့် ပြောလာသည်။ 

သူသည် ခေါင်းပေါ်က သရဖူကိုလည်း ဆံပင်သပ်ရင်း ထိပြလိုက်သေးသည်။ ထိုသရဖူသည် တိုင်းပြည်အိမ်ရှေ့သားသည်သာ ဆောင်းခွင့်ရသော ပန်းမြတ်သရဖူဖြစ်လေသည်။ 

" ထွက်သွားစမ်း ! " ဒီလော့ဒ်က အေးစက်စွာ ဆိုလေသည်။ 

" အိုက်ယိုး ကြည့်ပါဦး ၊ အစ်ကိုတော့်စကားတွေကလည်း ကြမ်းတမ်းလိုက်တာနော်။ ကိုယ့်ညီတော်ကို  အဲလိုကြမ်းကြမ်းတမ်းတမ်းပြောစရာလားနော် " ရိုမီဆာက သူ၏ ဆောင်းဦးနှင်းပွင့်နှယ် ပကတိလှပနေသော မျက်နှာလေးကို သနားကမားပြုရင်း အဖြူရောင်မျက်တောင်မွှေးများကို တဖျတ်ဖျတ်ခတ်ကာ မျက်လုံးရွဲများကနေ မျက်ရည်များ ဝေ့လာသကဲ့သို့ လုပ်ပြနေလေသည်။

Sweet revenge! ( ချိုမြိန်သော လက်စားချေခြင်း) Where stories live. Discover now