Intro

241 20 3
                                    

ရှန်းရှင်းဇယ် မတော်တဆ အဓိပ္ပါယ်မရှိတဲ့ Bl ဝတ္ထု ထဲသို့ ကူးပြောင်းသွားခဲ့ပြီး အပိုင်းသုံးခုထိသာရှင်သန်ရတဲ့ အရံဗီလိန်ဇာတ်ကောင်လေး ဖြစ်လာခဲ့သည်.

အသက်ရှင်ကျန်ရစ်စေရန်အတွက် ဇာတ်လိုက်တွေနဲ့ဝေးရာမှာနေရန် သူဆုံးဖြတ်လိုက်တော့သည်.

#မင်းက မင်းရဲ့တစ်ဖက်သတ်အချစ်နောက်လိုက်, ငါက ငါရဲ့အောင်သွယ်တော် ရည်မှန်းချက်နောက် လိုက်မယ်#

ဒါရိုက်တာကြီးနဲ့သူ့ဇနီး ရန်ဖြစ်ကြတော့အခါ
ရှန်းရှင်းဇယ်: ကျွန်တော်လာပြီ!
ထိုနောက်မှတော့ ဒါရိုက်တာကြီးက လော်စပီကာကိုကိုင်ကာ သူ့မိန်းမကိုချစ်တဲ့အကြောင်းတွေ လိုက်ဝန်ခံနေတာကို ရိုက်ကွင်းကလူတွေအားလုံး မြင်ရတော့သည်

ရုပ်ရှင်ဘုရင်နဲ့ ရုပ်ရှင်ဘုရင်မ လမ်းခွဲကသောအခါ
ရှန်းရှင်းဇယ်: ကျွန်တော်လာပြီ!
အဲ့နောက်မှာတော့ ရုပ်ရှင်ဘုရင်က ရုပ်ရှင်ဘုရင်မကို ဒူးထောက်ကာ လက်ထပ်ခွင့်တောင်းတဲ့သတင်းက weiboတစ်ခုလုံး ပျံ့နှံ့သွားတော့သည်.

ဥက္ကဋ္ဌနဲ့သူ့ဇနီး ကွာရှင်းချင်သောအခါ
ရှန်းရှင်းဇယ်:ကျွန်တော်လာပြီ!
နောက်ပိုင်းမှာတော့ ဥက္ကဋ္ဌက သူ့ချစ်သူကိုတောင်းပန်ရန် အဆောက်အဦးတစ်ခုလုံးကို အပြတ်ငှါးတော့သည်.

ရုပ်ရှင်ဘုရင်ကြီးနဲ့ သူ့ကောင်လေး စကားများသောအခါ
ရှန်းရှင်းဇယ်: ကျွန်တော့အလုပ်ထဲ ဝင်မရှုပ်စမ်းနဲ့
ရုပ်ရှင်ဘုရင်: ........

#ငါ့ ငါ့ရဲ့ခင်ပွန်းလေးက မိန်းကလေးဝတ်စုံဝတ်ရတာကြိုက်တယ်ဆိုပြီး အထင်လွဲမိသွားတယ်. ငါဘာလုပ်သင့်လဲ, အဖြေကိုစောင့်နေတယ်နော်#

ရှန်းရှင်းဇယ်ရဲ့ ပရိတ်သတ်တွေက အမြဲတမ်းစိတ်ဖိစီးနေရသည်. သူ့တို့ရဲ့ အသည်းကျော်လေးက သူများတွေနဲ့ တော်တော်မတူပေ.အခြားလူတွေက အဓိကဇာတ်လိုက်ဖြစ်ဖို့ အခွင့်အရေးရအောင်ကြိုးစားနေတဲ့အချိန် သူတို့ရဲ့အသည်းကျော်လေးက အောင်သွယ်တော်ဖြစ်ဖို့သာ အာရုံစိုက်နေသည်.

အခြားမင်သားတွေရဲ့ ဖန်တွေ့ဆုံပွဲတွေမှာဆို မင်းသားရဲ့လက်မှတ်ကိုရဖို့ ဖန်တွေက ဂိမ်းများဆော့ကြရသည်. သူတို့ရဲ့ဖန်တွေ့ဆုံပွဲကတော့ မိသားစုရေးရာပြသနာများနဲ့ သမီးရည်းစားပြသနာများကို ဖြေရှင်းပေးတဲ့ပွဲလို ဖြစ်နေသည်.

You've reached the end of published parts.

⏰ Last updated: Jul 10, 2021 ⏰

Add this story to your Library to get notified about new parts!

After Transmigrating, the Wealthy Actor and I have a HE Ending( mm translation)Where stories live. Discover now